Sunday, August 9, 2009

ပေးဟေ့  ဒီမိုကရေစီ


ပေးဟေ့  ဒီမိုကရေစီ

ဒီနေ့  ဒီ နေ့ 
မည်သူ မေ့ နိုင်မည် နည်း
ပြည်သူတို့ ရင် မကြည်လင်သမျှ
ဒေါမန်ဟုန်ကြွ ဆန္ဒပြကြသည်
ကိုယ့် ကံကြမမ္မာ ကိုယ်ဖန်တီးနိုင်ရမည်
ပေးဟေ့  ဒီမိုကရေစီ ။

ဒီလ ဒီလ
မည်မျှ အရေးပါခဲ့ သနည်း
ဆွေးမြေ့ တဲ့ ခေတ် ဟောင်း
အသစ်ပြောင်းဖို့ တပ်လှန့် 
ခန့် ညားတဲ့ ပြည်သူ တူညီတဲ့ စိတ်ဝမ်း
ထိတ်တန်းကကြွေးကြော် လူပီပီ တူညီတဲ့ အခွင့် ရေး
ပေးဟေ့  ဒီမို ကရေစီ ။

ဒီနှစ် ဒီနှစ်
ပြည်သူချစ်တဲ့ လူထုခေါင်းဆောင်
ဦးဆောင်တဲ့ အထွေထွေ သပိတ်
မြိုသိပ်၍ မနေနိုင်
ပြည်ပိုင်တဲ့ သခင်ဟေ့ 
မိခင်တွေ ရင်သွေးငယ်တို့ အနာဂတ်အတွက်
ပုခက်လွဲသောလက်နဲ့ ဓါးကို ဆွဲပြီ
ပေးဟေ့  ဒီမိုကရေစီ ။ ။

တိုနီ

No comments:

Post a Comment