Thursday, June 7, 2012

ညီညွတ်ရေးသာ အဓိက

ညီညွတ်ရေးသာ အဓိက ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းရေးတဲ့။ ယောင်တဲ့၊ နတဲ့ သူတွေအဖို့ rule of law ထင်စရာ။ ဒါပေမယ့် ဒါဟာ အာဏာရှင်တွေရဲ့ သွေးခွဲသပ်လျှိုတဲ့စကား။ ကျောင်းသားတွေ ကွဲနေကြပြီလို့ အသံကြားတာနဲ့ အာဏာရှင်တွေက ဒါမျိုးနဲ့ ဝင်လေ့ရှိတာ အခုမှမဟုတ်၊ ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ...။ ၈၈ မှာ ကွဲခဲ့တာက ... ရှက်စရာကောင်းတဲ့အဖြစ်။ မင်းဇေယျ၊ လှမျိုးနောင်၊ ဌေးကြွယ်၊ အေးလွင် ... စသဖြင့် ဖုန်းမော်အရေးအခင်း၊ မတ် ၁၆ တံတားနီအရေးအခင်း၊ မတ် ၁၇ ရန်ကုန်တက္ကသိုလ်ထဲမှာ ပါဝင်ပြီး အဖမ်းခံရသူတွေ (မတ်အုပ်စု) ထောင်ထဲမှာ ရှိနေတုန်း မြေနီကုန်းအရေးအခင်းမှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ညိုထွန်း၊ အောင်ဒင်တို့ (ဂျွန်အုပ်စု) ထွက်လာတယ်။ ဂျူလိုင် ၇ ရက်မှာ မတ်အုပ်စုတွေ ထွက်လာတော့ ကျောင်းသား သွေးစည်းညီညွတ်ရေးကို ဦးစားမပေးနိုင်။ ငါတို့အုပ်စုက အရင် ... သူတို့အုပ်စုက နောက် ... နောက်မှ ပေါက်တဲ့ ရွှေကြာပင်၊ အတ္တတွေကိုယ်စီနဲ့ ဗ သမိုင်းကို ပစ်ပယ်၊ ဗကသ နဲ့ မကသ အပြိုင်ဖွဲ့စည်းခဲ့ကြတယ်။ ကျောင်းသားထုကို ဖြိုခွဲဖို့ အမြဲချောင်းနေတဲ့ အာဏာရှင်အတွက် အကွက်ဆိုက်ခဲ့တယ်။ “အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ဗိုလ်ခင်ညွန့်လုပ်ရပ်က သက်သေပြပြီးဖြစ်တယ်။ ဗိုလ်ခင်ညွန့် မကသကို ဘာအခွင့်အရေးတွေ ပေးခဲ့သလဲ။ ကျောင်းသားထုကြား သဘောထားကွဲရုံ အခွင့်အရေးပဲ ပေးခဲ့တယ်။ မကသရုံးခန်းတွေ ဖွင့်ခွင့်ရလိုက်တာလည်း လပိုင်းပဲ ရတယ်။ ဗိုလ်ခင်ညွန့် လက်မှတ်ထိုးစာထုတ်ပေးပြီး ရာဇဝတ်မှုမကျူးလွန်ရင် မဖမ်းပါဘူးဆိုတဲ့ လက်မှတ်ကရော ဘယ်လောက်အကျိုးရှိခဲ့သလဲ။ ကွဲတာသာ အဖတ်တင်ပြီး နောက်ဆုံး အာဏာပိုင်တွေရဲ့ ချေမှုန်းတာ ခံရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။” အဲ့ဒီတုန်းက ဗိုလ်ခင်ညွန့်က ဒီနေ့လိုပဲ ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းရေးဆိုပြီး ဗကသ၊ မကသတွေကို ခေါ်ခဲ့တယ်။ ဗကသအချို့နဲ့ မကသ က ကျောင်းသားအများစု စုစုပေါင်း ကျောင်းသား ၃၀ နီးပါး သွားတွေ့ခဲ့ကြတယ်။ အဖွဲ့အစည်းအတွက် နေရာပေး၊ ထောက်ပံ့ကြေး ပေးသလို မဖမ်းပါဘူးဆိုတဲ့ ဗိုလ်ခင်ညွန့်လက်မှတ်နဲ့ စာကိုတောင် မိတ္တူ ၃ စောင် ထုတ်ပေးလိုက်သေး ...။ ရန်ကုန်တက္ကသိုလ်ထဲက မန္တလေးဆောင်နဲ့ မန္တလေး ရတနာဘုမ္မိ တက္ကသိုလ်ထဲမှာ မကသအတွက် ထောက်လှမ်းရေးက တရားဝင် နေရာပေးခဲ့တယ်။ ကွဲတဲ့သူကွဲ၊ ခွဲတဲ့သူခွဲ ... အကွဲခံတဲ့သူခံ၊ အခွဲခံတဲ့သူခံ။ ကျောင်းသားထုအများစုကတော့ ဗကသကိုပဲ ထောက်ခံခဲ့ကြတယ်။ ကျောင်းသားထုက သမိုင်းမျက်ခြေဖြတ်မခံ၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်တော့ ဗိုလ်ခင်ညွန့်ကိုယ်တိုင် နောက်ဆုံး ဗကသ၊ မကသကျောင်းသား အကုန်ဖမ်းတော့တာပဲ။ ဒါဟာ မကသတွေ နောင်တရ ရမယ့်အချက်။ နောင်မျိုးဆက်ကျောင်းသားတွေ သင်ခန်းစာယူရမယ့်အချက်။ ၂၀၀၇ မှာ သမိုင်းပေးတာဝန်အရ ကျောင်းသားမျိုးဆက်သစ်ဟာ ဗကသကို ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ သူတို့အားလုံးနီးပါး အဖမ်းခံခဲ့ကြရတယ်။ ဒီနှစ်အစောပိုင်းမှာ ထောင်ကနေ အသီးသီး ထွက်လာပြီးနောက် ဗကသ ပြန်လည်ဖွဲ့စည်းဖို့ လုပ်ဆောင်ကြတဲ့အခါ ထောင်ထဲမှာ ကိုဌေးကြွယ်နဲ့အတူ နေလာခဲ့တဲ့ စည်သူမောင်က မကသပဲ ဖွဲ့လိုကြောင်း ဆန္ဒထုတ်ဖော်ရာကနေ အုပ်စု စကွဲလာတယ်။ အဲဒီကနေ ‘ဗ’ ကိုလည်း မယူ၊ သမိုင်းမလှတဲ့ ‘မ’ ကို မခံယူရဲတဲ့ ကြောင်ကြောင်ကျားကျား ကသဖ ဆိုတဲ့အဖွဲ့ ပေါ်လာတာပါပဲ။ အာဏာပိုင်နဲ့ ညှိမယ်ဆိုရင် အားလုံး ညီညီညာညာ ဆန္ဒသဘောထား တူညီအောင် ကြိုးစားသင့်တယ်။ အားလုံးသဘောတူမှ အာဏာပိုင်ပေးတဲ့ အခွင့်အရေးကို ယူသင့်တယ်။ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ခွဲထွက်ပြီး အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးကို ယူတာဟာ ကျန်ရဲဘော်ရဲဘက်တွေအပေါ် သစ္စာဖောက်ရာရောက်တယ်။ ကိုယ့်ရဲဘော်တွေကို စွန့်ပြီး အာဏာပိုင်တွေနဲ့ ညီညွတ်တဲ့သဘော သက်ရောက်ပါတယ်။ အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ဗိုလ်ခင်ညွန့်လုပ်ရပ်က သက်သေပြပြီးဖြစ်တယ်။ ဗိုလ်ခင်ညွန့် မကသကို ဘာအခွင့်အရေးတွေ ပေးခဲ့သလဲ။ ကျောင်းသားထုကြား သဘောထားကွဲရုံ အခွင့်အရေးပဲ ပေးခဲ့တယ်။ မကသရုံးခန်းတွေ ဖွင့်ခွင့်ရလိုက်တာလည်း လပိုင်းပဲ ရတယ်။ ဗိုလ်ခင်ညွန့် လက်မှတ်ထိုးစာထုတ်ပေးပြီး ရာဇဝတ်မှုမကျူးလွန်ရင် မဖမ်းပါဘူးဆိုတဲ့ လက်မှတ်ကရော ဘယ်လောက်အကျိုးရှိခဲ့သလဲ။ ကွဲတာသာ အဖတ်တင်ပြီး နောက်ဆုံး အာဏာပိုင်တွေရဲ့ ချေမှုန်းတာ ခံရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ညီညွတ်ရေးသာ အဓိကဖြစ်တယ်။ ကျောင်းသားထုကွဲတိုင်း အာဏာပိုင်တွေ လက်ခမောင်းခတ်သွားတာချည့်ပဲဆိုတာ ဒီနေ့ခေတ်မှာ သင်ခန်းစာယူကြဖို့ဖြစ်ပါတယ်။

Friday, March 18, 2011

အမိမြေသို့ ပြန်လည် ကူညီကြပါစို့ ...

Request From BSDO ( Canada )

Sunday, December 12, 2010

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး နေ့ ထုတ်ပြန် ကြော်ငြာချက်

Burmese Canadian Network

Statement on 62 Anniversary of International Human Rights Day

for more information , Please contact at...

( 1 ) U Than Aung ( Edmonton )
( 2 ) U Nyunt Hla ( Saskatoon )
( 3 ) U Timothy Zaw Zaw ( Toronto )
( 4 ) U Htay Aung ( Vancouver )
( 5 ) U Mya Thwin ( Vancouver )

Burma Canadian Network Group...

Email : BurmaCanadianNetwork@gmail.com