Tuesday, October 23, 2012
ရွှေည၀ါ ဆရာ တော်ကြီး ၏ ကနေဒါ ခရီးစဉ်များ
ကနေဒါ နိုင်ငံ ရောက် ရွှေည၀ါ ဆရာ တော် ကြီး ၏ တရား ပွဲ စဉ် များ
ဆရာ တော် ကြီး သည် ကနေဒါ နိုင်ငံ ရှိ မြို့ ကြီး များ ဖြစ် ကြသော ဗန်ကူး ဘားမြို့ တွင် နိုဝင်ဘာ လ ၃ ရက် နေ့  ၊ တိုရွန်တို မြို့ တွင် နိုဝင်ဘာ လ ၄ ရက် နေ့  နှင် ကယ်ကာရီ ၊ နှင့်  စစကားချွမ်ဝမ် မြို့ ကြီး များ တွင် ၁၀ ရက် ၁၁ ရက် တို့ တွင့် သာသနာ ပြု တရား လှည့် လည် ဟောပြော ခြင်း ၊ ၈၈ မျိုး ဆက် များ နှင့် တွေ့ ဆုံ ဆွေး နွေးခြင်းတို့ ကို ပြုလုပ်မည် ဖြစ် ကြောင်း သိ ရပါသည် ။
www.bsdo.ca
Shwe Nya Wa Sayar Daw in Canada
Sunday, August 5, 2012
Wednesday, August 1, 2012
Tuesday, July 31, 2012
ကနေဒါနိုင်ငံ တိုရွန်တို မြို့ ၈လေးလုံးနှစ်ပတ်လည်းအခမ်းအနား
၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ
၈ ရက်နေ့တွင် ၂၄နှစ်ပြည့်တော့ မည်ဖြစ်သည်။
မြန်မာနိုင်ငံသည်ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေပြီ
ဆိုသော်လည်း
ပြည်တွင်းစစ်မီးသည်ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကိုဖမ်းဆိးထိန်းသိမ်းထားဆဲဖြစ်သည်
့အပြင် ပြည်သူတို့ လိုလားသည့်  ဒီမိုကရေစီစနစ်ကို လည်း တင်းပြည့် ကျပ်ပြည့်အကောင်အထည်မဖော်နိုင်သေးပေ။
သို့ ဖြစ်ပါ ၍ “ရှစ်လေးလုံးစိတ်ဓါတ်” ဆက်လက် ရှင်သန် အမွေဆက်ခံရေး ၊ နှင့် မြန်မာ့ အရေးတက်ကြွလှုပ်ရှားသူ ပြည်ပရောက် တိုင်းရင်းသား ဒီမိုကရေစီအင် အား စုများအားလုံး
အားကျိုး မာန်တက် ညီညွတ်စွာ ရှေ့ ဆက်ရှောက်လှမ်းနိုင်ရန် ရည် ရွယ်၍
ကနေဒါနိုင်ငံ တိုရွန်တို မြို့ ရှိ့  ၈၈ မျိုးဆက်ကျောင်းသားများ နှင့် မြန်မာ့ အရေးကိုစိတ်ဝင်စားသူ များစုပေါင်း၍
၈လေးလုံးနှစ်ပတ်လည်းအခမ်းအနားတရပ်ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ ကွန်မြူနတီသို့ လေးစားစွာ အသိပေး ဖိတ်ကြား အပ်ပါသည် ။
အလုပ်အမူ့ ဆောင် အဖွဲ ( မြန်မာကျောင်းသားများ ဒီမိုကရက်တစ် အဖွဲ့ )
Dear All Burmese Activists in Toronto.
The B.S.D.O ( Toronto ) will hold to honor the "24rd anniversary of the 8888 uprising in Burma" in Toronto according to the following schedule. Time : : 12:30 P.M Date : : 5 August, 2012 ( Sunday ) Place : : 20 Wade Avenue, Toronto ( M6H 2Z3 )
မြန်မာနိုင်ငံသည်ဒီမိုကရေစီလမ်း
အလုပ်အမူ့ ဆောင် အဖွဲ ( မြန်မာကျောင်းသားများ ဒီမိုကရက်တစ် အဖွဲ့ )
Dear All Burmese Activists in Toronto.
The B.S.D.O ( Toronto ) will hold to honor the "24rd anniversary of the 8888 uprising in Burma" in Toronto according to the following schedule. Time : : 12:30 P.M Date : : 5 August, 2012 ( Sunday ) Place : : 20 Wade Avenue, Toronto ( M6H 2Z3 )
Thursday, July 19, 2012
Sunday, July 15, 2012
ဘေးထိုင် ဘိုင်ကျ ဘုပြော သည့် သူ
ဟေ့လူ....၊
ခင်ဗျား... လုပ်နိုင်တာ လုပ်ဗျာ...
ကျွန်တော်လုပ်နိုင်တာလုပ်မယ်...၊
ပေါင်းလုပ်သင့်တဲ့အခါ ပေါင်းလုပ်မယ်....
စွန့်နိုင်သလောက်ပဲ ပေးဆပ် ပေးဆပ်
အားလုံးဟာ ကောင်းတာ လုပ်နေကြတာပဲဗျာ...။
ဘာမှ မလုပ်ပဲတော့....
ကျွန်တော်တို့ လုပ်နေတာ ပြောပြောမနေနဲ့ဗျာ...။
ခင်ဗျား နားလည်အောင်ပြောရရင်
ဂိုး မဝင်လို့ ကွင်းထဲက သူ့ကို ဝိုင်းဆဲတာ လွယ်တာပေါ့ဗျာ ...
အတားအဆီးတွေ ကြားထဲက ဂိုးသွင်းနေတဲ့သူက
အန္တရာယ်ရော... အခက်အခဲရော ...
ကိုယ်တိုင် ကန်နေတဲ့သူက ပိုသိတယ်...
ကိုယ်တိုင် ကန်ကြည့်မှ ကိုယ်ချင်းစာတတ်သဗျို့ ...၊
အဲတော့... ဝင်မကန် နိုင်သေးသ၍
မျက်စောင်း ဓါးတွေ ပေးမယ့် အစား
လက်ခုပ် အားတွေ ပေးပါလားဗျာ..။
လက်ခုပ်သံလေးက ချိုပါတယ်...
အားပေးသံလေးတွေက ညီညွတ်ရေးဆောင်ပါတယ် ...။
လေးစားလျက်-
ကိုဝိုင်ဝိုင်ကေ
၁၄-၇-၁၂
..................။...................။....................။
အရေးအသားနဲ့ သုံးနှုံး ဆက်စပ်ထားတဲ့ စာသားတွေကို ကြိုက်လွန်းလို့ Facebook ပေါ်ကတဆင့် ကူးယူဖော်ပြသည်။ ရေးထားတဲ့ပုဂ္ဂိုလ်ကို လေးစား ကျေးဇူးတင်ပါတယ်။
__._,_.___
Saturday, July 7, 2012
တိုရန်တိုဆဲဗင်းဂျူလိုင်အခမ်းအနား

more photos click here
နှစ် (၅၀)ပြည့် ဇူလိုင် (၇)ရက်နေ့အခမ်းအနားမြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ (BSDO-Canada) ၏သဘောထားထုတ်ပြန်ချက်


Thursday, July 5, 2012
Thursday, June 14, 2012
Thursday, June 7, 2012
ညီညွတ်ရေးသာ အဓိက
ညီညွတ်ရေးသာ အဓိက
ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းရေးတဲ့။ ယောင်တဲ့၊ နတဲ့ သူတွေအဖို့ rule of law ထင်စရာ။ ဒါပေမယ့် ဒါဟာ အာဏာရှင်တွေရဲ့ သွေးခွဲသပ်လျှိုတဲ့စကား။ ကျောင်းသားတွေ ကွဲနေကြပြီလို့ အသံကြားတာနဲ့ အာဏာရှင်တွေက ဒါမျိုးနဲ့ ဝင်လေ့ရှိတာ အခုမှမဟုတ်၊ ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ...။
၈၈ မှာ ကွဲခဲ့တာက ... ရှက်စရာကောင်းတဲ့အဖြစ်။
မင်းဇေယျ၊ လှမျိုးနောင်၊ ဌေးကြွယ်၊ အေးလွင် ... စသဖြင့် ဖုန်းမော်အရေးအခင်း၊ မတ် ၁၆ တံတားနီအရေးအခင်း၊ မတ် ၁၇ ရန်ကုန်တက္ကသိုလ်ထဲမှာ ပါဝင်ပြီး အဖမ်းခံရသူတွေ (မတ်အုပ်စု) ထောင်ထဲမှာ ရှိနေတုန်း မြေနီကုန်းအရေးအခင်းမှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ညိုထွန်း၊ အောင်ဒင်တို့ (ဂျွန်အုပ်စု) ထွက်လာတယ်။
ဂျူလိုင် ၇ ရက်မှာ မတ်အုပ်စုတွေ ထွက်လာတော့ ကျောင်းသား သွေးစည်းညီညွတ်ရေးကို ဦးစားမပေးနိုင်။ ငါတို့အုပ်စုက အရင် ... သူတို့အုပ်စုက နောက် ... နောက်မှ ပေါက်တဲ့ ရွှေကြာပင်၊ အတ္တတွေကိုယ်စီနဲ့ ဗ သမိုင်းကို ပစ်ပယ်၊ ဗကသ နဲ့ မကသ အပြိုင်ဖွဲ့စည်းခဲ့ကြတယ်။ ကျောင်းသားထုကို ဖြိုခွဲဖို့ အမြဲချောင်းနေတဲ့ အာဏာရှင်အတွက် အကွက်ဆိုက်ခဲ့တယ်။
“အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ဗိုလ်ခင်ညွန့်လုပ်ရပ်က သက်သေပြပြီးဖြစ်တယ်။ ဗိုလ်ခင်ညွန့် မကသကို ဘာအခွင့်အရေးတွေ ပေးခဲ့သလဲ။ ကျောင်းသားထုကြား သဘောထားကွဲရုံ အခွင့်အရေးပဲ ပေးခဲ့တယ်။ မကသရုံးခန်းတွေ ဖွင့်ခွင့်ရလိုက်တာလည်း လပိုင်းပဲ ရတယ်။ ဗိုလ်ခင်ညွန့် လက်မှတ်ထိုးစာထုတ်ပေးပြီး ရာဇဝတ်မှုမကျူးလွန်ရင် မဖမ်းပါဘူးဆိုတဲ့ လက်မှတ်ကရော ဘယ်လောက်အကျိုးရှိခဲ့သလဲ။ ကွဲတာသာ အဖတ်တင်ပြီး နောက်ဆုံး အာဏာပိုင်တွေရဲ့ ချေမှုန်းတာ ခံရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။”
အဲ့ဒီတုန်းက ဗိုလ်ခင်ညွန့်က ဒီနေ့လိုပဲ ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းရေးဆိုပြီး ဗကသ၊ မကသတွေကို ခေါ်ခဲ့တယ်။ ဗကသအချို့နဲ့ မကသ က ကျောင်းသားအများစု စုစုပေါင်း ကျောင်းသား ၃၀ နီးပါး သွားတွေ့ခဲ့ကြတယ်။ အဖွဲ့အစည်းအတွက် နေရာပေး၊ ထောက်ပံ့ကြေး ပေးသလို မဖမ်းပါဘူးဆိုတဲ့ ဗိုလ်ခင်ညွန့်လက်မှတ်နဲ့ စာကိုတောင် မိတ္တူ ၃ စောင် ထုတ်ပေးလိုက်သေး ...။ ရန်ကုန်တက္ကသိုလ်ထဲက မန္တလေးဆောင်နဲ့ မန္တလေး ရတနာဘုမ္မိ တက္ကသိုလ်ထဲမှာ မကသအတွက် ထောက်လှမ်းရေးက တရားဝင် နေရာပေးခဲ့တယ်။
ကွဲတဲ့သူကွဲ၊ ခွဲတဲ့သူခွဲ ... အကွဲခံတဲ့သူခံ၊ အခွဲခံတဲ့သူခံ။ ကျောင်းသားထုအများစုကတော့ ဗကသကိုပဲ ထောက်ခံခဲ့ကြတယ်။ ကျောင်းသားထုက သမိုင်းမျက်ခြေဖြတ်မခံ၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်တော့ ဗိုလ်ခင်ညွန့်ကိုယ်တိုင် နောက်ဆုံး ဗကသ၊ မကသကျောင်းသား အကုန်ဖမ်းတော့တာပဲ။
ဒါဟာ မကသတွေ နောင်တရ ရမယ့်အချက်။ နောင်မျိုးဆက်ကျောင်းသားတွေ သင်ခန်းစာယူရမယ့်အချက်။ ၂၀၀၇ မှာ သမိုင်းပေးတာဝန်အရ ကျောင်းသားမျိုးဆက်သစ်ဟာ ဗကသကို ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ သူတို့အားလုံးနီးပါး အဖမ်းခံခဲ့ကြရတယ်။ ဒီနှစ်အစောပိုင်းမှာ ထောင်ကနေ အသီးသီး ထွက်လာပြီးနောက် ဗကသ ပြန်လည်ဖွဲ့စည်းဖို့ လုပ်ဆောင်ကြတဲ့အခါ ထောင်ထဲမှာ ကိုဌေးကြွယ်နဲ့အတူ နေလာခဲ့တဲ့ စည်သူမောင်က မကသပဲ ဖွဲ့လိုကြောင်း ဆန္ဒထုတ်ဖော်ရာကနေ အုပ်စု စကွဲလာတယ်။ အဲဒီကနေ ‘ဗ’ ကိုလည်း မယူ၊ သမိုင်းမလှတဲ့ ‘မ’ ကို မခံယူရဲတဲ့ ကြောင်ကြောင်ကျားကျား ကသဖ ဆိုတဲ့အဖွဲ့ ပေါ်လာတာပါပဲ။
အာဏာပိုင်နဲ့ ညှိမယ်ဆိုရင် အားလုံး ညီညီညာညာ ဆန္ဒသဘောထား တူညီအောင် ကြိုးစားသင့်တယ်။ အားလုံးသဘောတူမှ အာဏာပိုင်ပေးတဲ့ အခွင့်အရေးကို ယူသင့်တယ်။ ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ခွဲထွက်ပြီး အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးကို ယူတာဟာ ကျန်ရဲဘော်ရဲဘက်တွေအပေါ် သစ္စာဖောက်ရာရောက်တယ်။ ကိုယ့်ရဲဘော်တွေကို စွန့်ပြီး အာဏာပိုင်တွေနဲ့ ညီညွတ်တဲ့သဘော သက်ရောက်ပါတယ်။
အာဏာပိုင်တွေပေးတဲ့ အခွင့်အရေးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ဗိုလ်ခင်ညွန့်လုပ်ရပ်က သက်သေပြပြီးဖြစ်တယ်။ ဗိုလ်ခင်ညွန့် မကသကို ဘာအခွင့်အရေးတွေ ပေးခဲ့သလဲ။ ကျောင်းသားထုကြား သဘောထားကွဲရုံ အခွင့်အရေးပဲ ပေးခဲ့တယ်။ မကသရုံးခန်းတွေ ဖွင့်ခွင့်ရလိုက်တာလည်း လပိုင်းပဲ ရတယ်။ ဗိုလ်ခင်ညွန့် လက်မှတ်ထိုးစာထုတ်ပေးပြီး ရာဇဝတ်မှုမကျူးလွန်ရင် မဖမ်းပါဘူးဆိုတဲ့ လက်မှတ်ကရော ဘယ်လောက်အကျိုးရှိခဲ့သလဲ။ ကွဲတာသာ အဖတ်တင်ပြီး နောက်ဆုံး အာဏာပိုင်တွေရဲ့ ချေမှုန်းတာ ခံရမယ်ဆိုတာ သတိချပ်သင့်ပါတယ်။
ညီညွတ်ရေးသာ အဓိကဖြစ်တယ်။ ကျောင်းသားထုကွဲတိုင်း အာဏာပိုင်တွေ လက်ခမောင်းခတ်သွားတာချည့်ပဲဆိုတာ ဒီနေ့ခေတ်မှာ သင်ခန်းစာယူကြဖို့ဖြစ်ပါတယ်။
Sunday, April 22, 2012
Subscribe to:
Posts (Atom)