Saturday, May 29, 2010

အပြည်ပြည်ဆိုင်ရာ ညီလာခံ ( Buffalo ,NY )

BSDO အတွင်းရေး မှူး မှ ညီလာခံ သို့  သ၀ဏ်လွာ ဖတ်ကြားတင်သွင်းစဉ်..



ရဲဘော်တို့..။

(၁) ဘတ်ဖလိုးညီလာခံမှတ်တမ်းဓါတ်ပုံကို ပေးပို့လိုက်ပါတယ် ။

(၂) ညီလာခံသို့ မေလ(၂၂)ရက်နေ့တွင် တက်ရောက်သူ (၈၄) ဦးရှိပြီး ၊ မေလ(၂၃) ရက်နေ့တွင် (၆၅)ဦးတက်ရောက်ပါတယ် ။ ပြည်တွင်း / ပြည်ပ လုပ်ငန်းများအတွက် (Panel)များခွဲ၍ ဆွေးနွေးရာတွင် (၄၂) ဦးပါဝင်ဆွေးနွေးခဲ့ပါတယ် ။

- ပြည်တွင်း / ပြည်ပ နိုင်ငံရေးလုပ်ငန်းစဉ်များကို တင်သွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။

(၃) ညီလာခံသို့ ဥရောပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ (FBE) ၊ NCGUB၊ NDF၊ သံဃာ့တပ်ပေါင်းစု ၊ ကနေဒါမှ (BSDO)၊ မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ ၊ လမ်းပြကြယ် ဦးအေးမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင်၊ NLD-LA နော်ဝေးလ် နဲ့ အခြားနိုင်ငံရေး အင်အားစုများမှ သ၀ဏ်လွှာများ ပေးပို့ပါတယ် ။
- (Web Conferenc ) ဖြင့် အခြားနိုင်ငံများမှ ရဲဘော်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ။

(၄) တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များ၏ သဘောတူညီမှုဖြင့် ( နိုင်ငံ တကာ မြန်မာအမျိုးသားကွန်ဂရက် ဖောင်ဒေးရှင်း - IFBNC ) ကိုဖွဲ့စည်းခဲ့ပါတယ် ။ ဖွဲ့စည်းမှုတွင် အဖွဲ့အစည်းအလိုက်အဖြစ်(၉)ဖွဲ့ခန့် ပါဝင်ခဲ့ပြီး တသီးပုဂ္ဂလအနေဖြင့် ရဲဘော် (၃၀)ကျော်ပါဝင်ခဲ့ကြပါတယ် ။ ( ညွှန်ကြားရေး ဒါရိုက်တာအဖွဲ့တွင် - ၁၆-ဦး) (စီမံခန့်ခွဲရေးဒါရိုက်တာအဖွဲ့တွင် -၂-ဦး)ဖြင့် ဖွဲ့စည်းခဲ့ပါတယ် ။

(၅) အဖွဲ့၏ လုပ်ငန်းကော်မတီ (၇)ရပ်ဖြစ်သည့် ၊ ပြည်တွင်းလုပ်ငန်းကော်မတီ ၊ဘဏ္ဍာရေးကော်မတီ ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ သတင်းပြန်ကြားရေးနှင့် စည်းရုံးရေ့းကော်မတီ ၊ နိုင်ငံရေးလှုပ်ရှားမှုကော်မတီ၊ လူငယ်လှုပ်ရှားမှုကော်မတီ၊ BNC ပေါ်ပေါရေးကော်မတီ တို့ကို ဖွဲ့စည်းခဲ့ကြပါတယ် ။

(၆) ညီလာခံအား တနှစ်တကြိမ်ကျင်းပရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါကြောင်း မှတ်တမ်းတင်ဌာနမှ ညီလာခံမှတ်တမ်းကို ပေးပို့လိုက်ပါတယ် ။ ညီလာခံမှတ်တမ်း အသေးစိပ်အား အဖွဲ့၏ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ညီလာခံမှတ်တမ်းတင်လုပ်ငန်းကော်မတီမှ ပေးပို့ဖြန့်ဝေပါမယ် ။

လေးစားလျက်

International Conference ( Buffalo, NY,2010)


`
Recently Updated





အတွင်းရေး မှူး ကိုမောင်ဦး မှ သ၀ဏ်လွာ ဖတ် ကြားစဉ်